သီပေါမြို့နယ်၊ အောင်မင်္ဂလာဘိုးတော်ကျောင်း၌ စစ်ဘေးရှောင် နေကြရသည့် ဒေသခံ ပြည်သူ ၄၀၀ ဦးကျော်သည် ယနေ့ နိုဝင်ဘာလ ၁၅ ရက် တွင် နေရပ်ကျေးရွာများသို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။
.
ဆွန်လုံကျေးရွာ အုပ်စုနှင့် မိုးတေကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ခုမှ စုစုပေါင်း ဒေသခံ ၄၁၈ ဦးသည် အောင်မင်္ဂလာဘိုးတော်ကျောင်း၌ တစ်ပတ်ကြာ စစ်ပွဲရှောင် နေထိုင်ခဲ့ကြပြီးနောက် ယခုတွင် တိုက်ပွဲများ ငြိမ်သက်လာသဖြင့် နေရပ်ပြန်ကြခြင်း ဖြစ်သည်ဟု သိရသည်။
.
ယင်းတို့အနက် ချောင်းဆုံရွာမှ ဒေသခံများသည် ရွာ အတွင်းသို့ ပြန်၍ မရသေးဘဲ အနီးရှိ ဟာလျံနှင့် ဆွန်လုံ ကျေးရွာများတွင် နေထိုင်ကာ စစ်ရှောင်ကြရမည် ဖြစ်ကြောင်းလည်း သိရသည်။
.
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်တွင် အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ လာရောက်၍ စစ်ရှောင်ခဲ့ကြရခြင်း ဖြစ်ကာ ကျန်ဒေသများတွင် ထွက်ပြေး တိမ်းရှောင် နေကြရသူများ ကျန်ရှိနေသေးကြောင်း သိရသည်။