နောင်ချိုမြို့နယ်တွင် ကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နောင်ချိုမြို့နယ်တွင် ကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်း၌ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ်သိန်း ၅၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ လားရှိုး - မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် လားရှိုးမှ နောင်ချိုဘက်သို့ ကိုလတ် မောင်းနှင်ပြီး အိုက်ပန်း လိုက်ပါလာသည့် UD ၆ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၂ ဒသမ ၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြားကြိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီတွင် လားရှိုးမြို့နယ်၊ စဥ့်အင်တံတား၌ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ အိုက်လာ အား PAJERO မော်တော်ယာဉ် နှင့် အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးများကို  မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ ၃ ဦး အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats