တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၂၂ ရက်က ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အောင်ကျော်မင်း (ခ) အန်းဒြူး မောင်းနှင်ပြီး စိုင်းဦးမောင် (ခ) စိုင်းမောင် လိုက်ပါလာသော FUSO အမျိုးအစား ၆ ဘီးယာဉ်အား သတင်းအရ ရှာဖွေရာ မော်တော်ယာဉ် အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများကို အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။