တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကို နိုဝင်ဘာ ၁၅ ရက်မှ စတင် လျှောက်ထားရမည်ဟု ကြေညာထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကို နိုဝင်ဘာ ၁၅ ရက်မှ စတင် လျှောက်ထားရမည်ဟု ကြေညာထား

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အတွင်း လျှောက်ထားရမည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာလ ၁၁ ရက်တွင် ကြေညာထားသည်။

.

ဘာသာတွဲ (၁/၅/၆/၇/၈)ဖြင့် ဖြေဆိုမည့် သူများ အနေဖြင့် အစိမ်းရောင် ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ (၂/၃/၄) ဖြင့် ဖြေဆိုမည့် သူများ အနေဖြင့် ပန်းရောင် ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း လျှောက်လွှာ တင်သွင်းရန် ခွဲခြား သတ်မှတ်ထားကာ လျှောက်လွှာ တစ်စောင်လျင် ၂၀၀ ကျပ်၊ စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်တွင် တံဆိပ်ခေါင်း တစ်ခု ကပ်၍ သတ်မှတ်ရက်အတွင်း စာစစ်ဦးစီးဌာနသို့ အချိန်မီ ပေးပို့ရမည်ဟု ယင်းစာတွင် ပါရှိသည်။

.

ပြင်ပဖြေဆိုရန် လျှောက်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်လွှာ တစ်စောင်လျင် ၂၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတွင် ကပ်၍ အမှန်တကယ် နေထိုင်သည့် မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် အချိန်မီ တင်သွင်းရမည်ဟု သိရသည်။

.

သတ်မှတ်ရက် အတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများမှာ စာမေးပွဲ ဖြေဆိုခွင့် ရမည် မဟုတ်ဘဲ လျှောက်လွှာနှင့် ဖြေဆိုခွင့် ကတ်ပြားတွင် ပါရှိသည့် ဘာသာတွဲ မှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ ဖြေဆိုခွင့် ပြုမည် မဟုတ်၍ မှန်ကန်စွာ ဖြည့်စွက် ပေးပို့ရန်ကိုလည်း သတိပေးထားသည်။

.

ထို့အပြင် ကျောင်းဖွင့်ရက် နောက်ကျသော ၄၆ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား/သူများနှင့် ပြင်ပဖြေဆိုမည့်သူများ အတွက် လျှောက်လွှာ ရောင်းချခြင်းနှင့် ပြန်လည် ပေးပို့ခြင်းတို့ကို သတ်မှတ်ရက် တိုးမြှင့်ပေးမည်ဟုလည်း ဖော်ပြထားသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း ၉၁၀၂၇၃ ဦး ရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats