မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ကချင်စျေး လမ်းဆုံအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ ညနေပိုင်းက အမျိုးသား တစ်ဦး သေနတ်ဖြင့် အပစ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ အသက် ၂၀ အရွယ် ကိုစိုင်း ဖြစ်ပြီး ဆိုင်ကယ် မောင်းနှင်နေစဉ် အခြား ဆိုင်ကယ်စီး အမည်မသိ လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်မှုကြောင့် ကိုစိုင်းတွင် ဘယ်ဘက်နားထင်နှင့် ညာဘက်လည်ပင်းတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိ၍ အခင်းဖြစ် နေရာတွင်ပင် သေဆုံးရခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မူဆယ်မြို့ ဂရုနာလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။