ABSDF ၏ ဆက်ဆံရေးရုံးအဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် PPST တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ABSDF ၏ ဆက်ဆံရေးရုံးအဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် PPST တောင်းဆို


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ မြဝတီမြို့ဆက်ဆံရေးရုံး ရုံးတာဝန်ခံ နှင့် ရုံးအဖွဲ့ဝင် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက  တောင်းဆိုခဲ့သည်။

.
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့(PPST) အစည်း အဝေး (၂၁/၂၀၂၁)ကို ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် စတင်
ကျင်းပလျက်ရှိရာ နိုင်‌အောင်မင်း က အဖွင့်မိန့်ခွန်း ပြောဆိုရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.



အဆိုပါ ABSDF ဆက်ဆံရေးရုံးအဖွဲဝင်များကို နိုဝင်ဘာလ ၂ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ဖမ်းဆီးမှုသည် NCA ကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း ၎င်းက ပြောသည်။
.
PPST အစည်းအဝေးတွင် ပြီးခဲ့သည့် တစ်လတာအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေမျကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် ကိစ္စများကို နိုဝင်ဘာလ ၅ ရက်ထိ ၂ ရက်တာ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats