ရှမ်းပြည်နယ်မှ ပြည်သူ ၃၀၆ ဦး ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း SWAN အဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ ပြည်သူ ၃၀၆ ဦး ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း SWAN အဖွဲ့ ထုတ်ပြန်


အာဏာသိမ်းခံထားရသည့် ကာလအတွင်း ရှမ်းပြည်နယ်မှ ပြည်သူ ၄၃ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃၆၈ ဦးရှိကာ ယင်းအနက် ၃၀၆ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း Shan Women's Action Network (SWAN) က ယနေ့ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

အဆိုပါ စာရင်းမှာ ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်ထိ အခြေအနေ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းကို အခြေခံကာ SWAN က ထုတ်ပြန်ထားခြင်း ဖြစ်‌ကြောင်း သိရသည်။

.

မြန်မာ တစ်နိုင်ငံလုံးတွင်မူ ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ရက်ပေါင်း ၂၄၂ ရက်အတွင်း ၁၁၄၆ ဦး သေဆုံးခဲ့ရပြီး ၈၅၈၄ ဦး ဖမ်းဆီးခံခဲ့ရကာ လက်ရှိတွင် ၆၉၂၁ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ ဖမ်းဆီးခံရသူ စာရင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေဆိုမှု မရှိသဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိ‌သေးပေ။

Journal Download

Photo of three cats