Stay at Home အမိန့် ထုတ်ပြန်ထားသည့် တောင်ကြီးမြို့၌ တပ် ထောက်ခံပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Stay at Home အမိန့် ထုတ်ပြန်ထားသည့် တောင်ကြီးမြို့၌ တပ် ထောက်ခံပွဲ ပြုလုပ်

COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် Stay at Home အမိန့် ထုတ်ပြန်ထားသည့် တောင်ကြီးမြို့၌ ယနေ့ အောက်တိုဘာလ ၂၉ ရက်တွင် တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

အဆိုပါ တပ် ထောက်ခံပွဲကို တောင်ကြီးမြို့၊ စုဠာမုနိစေတီတော်ရှေ့မှ အဝေရာ မီးပုံးပျံကွင်း အတွင်းသို့ လုံခြုံရေးအင်အား အပြည့်အစုံဖြင့် စီတန်း လှည့်လည်ကာ မီးပုံးပျံကွင်း၌ စုဝေး ဟောပြောခြင်းများ ပြုလုပ်ခြင်း ဖြစ်ပြီး  မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းက ဦးဆောင် ပြုလုပ်သည်ကိုမူ မသိရပေ။

.


‌တောင်ကြီးမြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန်ထားသည့် အပြင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့်လည်း ထုတ်ပြန်ထားသည်။

.

ပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီလ ၈ ရက်ကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်ပြီး စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများကို မပြုလုပ်ရန်၊ လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက် ပိုသော သူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ညမထွက်ရ အမိန့်များ ပါရှိသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်တွင်လည်း လူ ၅ ဦးနှင့် အထက် ပို မစုရနှင့် ည မထွက်ရ အမိန့် ဖောက်ဖျက်ခဲ့သည်ဟု ဆိုကာ မီးပုံးပျံကွင်း အနီးရှိ 100% KTV မှ လူ ၃၀ ဦးခန့် ဖမ်းဆီး အရေးယူ ခံထားရသည်။

Journal Download

Photo of three cats