Local Semi-Lockdown သတ်မှတ်ထားသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှု အများဆုံး တွေ့ရှိနေရသဖြင့် မြို့ပေါ် ၆ ရပ်ကွက်အား အောက်တိုဘာလ ၁၉ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိ Local Semi-Lockdown သတ်မှတ်၍ နေအိမ်ပြင်ပသို့ လုံးဝ ထွက်ခွာခြင်း မပြုရဟူသော စည်းကမ်းချက် အပါအဝင် အမိန့်ကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ Local Semi-Lockdown သတ်မှတ် ကာလအတွင်း စစ်တပ် ထောက်ခံပွဲ ပြုလုပ်မှုအပေါ် ဒေသခံများက ပြစ်တင် ဝေဖန်မှုများလည်း ရှိနေသည်ဟု သိရသည်။
.
ဟိုပုံးမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၂၀၀ ဦး ကျော် တွေ့ရှိထားပြီး ယင်းအနက် ၃၀ ဦးမှာ သေဆုံးခဲ့ကြရသည်။
.
ထို့အတူ COVID-19 ကူးစက်ပျံ့နှံ့မှု များပြားနေဆဲ ဖြစ်သော နမ့်စန်မြို့တွင်လည်း ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်ပင် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။