ပြည်နယ်တွင်း စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ RCSS က ကြေညာချက် ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်နယ်တွင်း စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ RCSS က ကြေညာချက် ထုတ်


ရှမ်းပြည်နယ်တွင်း စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာလ ၁ ရက်တွင် RCSS က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

.

တပ်မတော် အာဏာ သိမ်းပြီး ၈ လကြာ ကာလအတွင်း ဒေသတွင်း တိုက်ပွဲများကြောင့် ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်း နှင့် COVID-19 ကူးစက်ရောဂါပြန့်ပွားခြင်းတို့ကြောင့် ခက်ခဲကျပ်တည်းလာသည်ကို RCSS အနေဖြင့် များစွာ စိုးရိမ်ပူပန်‌ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အတူ ရန်သူ(အာဏာသိမ်းစစ်တပ်)နှင့်သည်ပင်လျှင် ဆွေးနွေးညှိနှိုင်းနိုင်ပြီး  ရှမ်းပြည်နယ် ညီနောင်တိုင်းရင်းသားအချင်းချင်းအကြား မဆွေးနွေးနိုင်ခြင်းသည် ကြီးစွာသော အံ့ဩမှု ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သံဃာတော်များနှင့် ပြည်သူလူထုက ကြိမ်ဖန်များစွာ ကြားဝင်ဖျန်ဖြေ ကြိုးပမ်းပေးခဲ့သော်လည်း မျှော်လင့်သည့် ရလဒ်ကောင်း မရရှိသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိ‌ကြောင်းနှင့် နှစ်ဘက် တပ်ဖွဲ့ဝင်များ ဒဏ်ရာ ရ ကျဆုံးနေရသည့်အပေါ် အထူးဝမ်းနည်း ကြေကွဲမိကြောင်းကိုလည်း RCSS က ထုတ်ပြန်ထားသည်။

.

ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူ ၈၀၀၀ ဦးကျော်ခန့်သည် စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

Journal Download

Photo of three cats