တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၌ ယနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းတွင် RC တစ်ထပ်တိုက် အမိုး ပြိုကျမှု ဖြစ်၍ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
သစ်တောရပ်ကွက်၊ နယ်မြေ(၆)၊ ဇောတိကလမ်းရှိ RC တစ်ထပ်တိုက်အား ပြုပြင်နေစဉ် အမိုး ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အလုပ်သမား ၂ ဦး ပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း အမိုး ပြိုကျ ပိမိမှုအား တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် အတူ ရှင်းလင်း ဖယ်ရှား ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အမျိုးသား ၁ ဦး သေဆုံး၍ အမျိုးသား ၁ ဦးမှာ စိုးရိမ်ရ ဒဏ်ရာများ ရခဲ့သဖြင့် ကြက်ခြေနီအသင်းက လူနာတင်ယာဉ်ဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။