အချိုးကျ ကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲ ကျင့်သုံးသင့်သည့် ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားသည်ဟု သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာခန်းမ၌ ပြုလုပ်မည် ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် နိုဝင်ဘာလ ၁ ရက် နောက်ဆုံးထား၍ ပြန်ကြားရန် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားခြင်း ဖြစ်သည်။
.
ဆွေးနွေးပွဲ ခန်းမအတွင်းသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop ၊ Tablet စသည့် Electronic Device များ ယူဆောင်လာခြင်း မပြုရန်နှင့် စာတမ်းနှင့် စပ်လျဉ်းသည့် Power Point Soft Copy ပေးပို့ရန် ရှိပါက ကြိုတင်ပေးပို့ရန်ဟုလည်း ဖော်ပြထားသည်။