PPST ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ တာ၀န်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PPST ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ တာ၀န်ပေး

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကို တာ၀န်ပေးအပ်ကြောင်း ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင် ယင်းအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

.

အဆိုပါ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ အဖြစ် ရဲဘော် မျိုးဝင်းနှင့် ခွန်မြင့်ထွန်း တို့ ခန့်အပ်ခြင်း ဖြစ်ပြီး မီဒီယာ အဖွဲ့အစည်းများ အနေဖြင့် PPST ၏ ရပ်တည်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းနိုင်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

PPST အဖွဲ့ကို NCA စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats