အာဆီယံနှင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအား တိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို ခန့်အပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ အောက်တိုဘာလ ၂၆ရက်တွင် ကြေညာခဲ့သည်။
.
ဦးဘိုလှတင့်သည် ၁၉၉၀ ပြည့်နှစ် အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည့်အပြင် NCGUB ၏ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဦးဘိုလှတင့်သည် NCGUB ၏ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၂၀၁၂ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုတွင် NUG ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသူ ဖြစ်ကြောင်းလည်း သိရသည်။