ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၄၀ ဦး ထပ်မံ တွေ့ ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၄၀ ဦး ထပ်မံ တွေ့ ရှိ


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ အောက်တိုဘာလ ၆ ရက်တွင် COVID-19 ပိုး ရှိသူ ၄၀ ဦး ထပ်မံ တွေ့ရှိခဲ့‌ကြောင်း မြို့နယ်ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

.
ထို့အတူ ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၉၈၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၈၀၈ ဦး၊သေဆုံးသူ ၂၄ ဦး ရှိကာ ၁၅၂ ဦးမှာ ကုသမှု ခံယူဆဲ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကုသမှု ခံယူဆဲ လူနာများကို ဟိုပုံးဆေးရုံ၊ သာသနာ့ဗိမာန်ရှိ Positive စင်တာ၊ မိုင်းပျဉ်းကျေးရွာရှိ Positive စင်တာနှင့် Home care အဖြစ် နေအိမ်များတွင် ထားရှိကြောင်း သိရသည်။

.

အသက် ၁၈ နှစ်အထက်ရှိ ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို အောက်တိုဘာလ ၆ ရက်မှ ၁၅ ရက်အတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေသဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ယူဆောင်၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်များသို့ လာရောက် ထိုးနှံကြရန် ဟိုပုံးမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အသိပေးကြေညာထားသည်။

Journal Download

Photo of three cats