Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့နယ်၌ အောက်တိုဘာလ ၄ ရက်တွင် COVID-19 ပိုး ရှိသူ ၁၅၅ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့သူများမှာ မြို့ပေါ်ရပ်ကွက်များမှ ၁၆ ဦး၊ ကျေးရွာအုပ်စုများမှ ၁၃၃ ဦးနှင့် အခြား ၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ဇွန်လ ၂၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၁၆၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၇၆ ဦး သေဆုံး၍ ၃၃၈၄ ဦးမှာ ဆေးရုံဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။