တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၈ ဦး ထပ် တွေ့၊ သေဆုံးသူ ၃ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၈ ဦး ထပ် တွေ့၊ သေဆုံးသူ ၃ ဦး ရှိ

တောင်ကြီးမြို့နယ်၌ အောက်တိုဘာလ ၄ ရက်တွင် COVID-19 ပိုး ရှိသူ ၈ ဦး ထပ်မံ တွေ့ရှိခဲ့‌ပြီး၊ ယင်းနေ့အတွင်း သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၄ ရက်ထိ COVID-19 ပိုး ရှိသူ ၅၁၈၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၆၄၆ ဦးရှိ၍ သေဆုံးသူ ၂၃၈ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိ‌ပေ။
.
#KBZTai  #Shan  #COVID19  #News5october2021

Journal Download

Photo of three cats