ပင်လောင်းမြို့နယ်တွင် COVID-19 ပိုးရှိသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ သေဆုံးသူ တစ်ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် COVID-19 ပိုးရှိသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ သေဆုံးသူ တစ်ဦး ရှိ


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ယနေ့ အောက်တိုဘာလ ၄ ရက်တွင် COVID-19 ပိုး ရှိသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ တစ်ဦး ရှိကြောင်း သိရသည်။

.

သေဆုံးသူမှာ နန်းတုတ်ကျေးရွာအုပ်စု၊ လဲလျောင်း‌ကျေးရွာမှ ဆီးချိုရောဂါ အခံရှိသည့် အသက် ၅၆ နှစ် အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ပိုးတွေ့သူများမှာ ရင်းမှီးရပ်ကွက်မှ ၁ ဦး၊ သံတဲရွာမှ ၂ ဦး၊ နောင်တရား ဆေးရုံ၀င်းမှ ၃ ဦး၊ ထီရီးကရင်ရွာမှ ၁ ဦး၊ ဗန်းမောက်ရွာမှ ၁ ဦး၊ တီကျစ်(တ)မှ ၁ ဦး၊ ပေါင်းလောင်း တလိုင်းမမှ ၄ ဦးနှင့် ဖယ်ခုံမြို့မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

.

ပင်လောင်းမြို့နယ်တွင် ဇွန်လ ၃၀ ရက်မှ အောက်တိုဘာလ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၅၀၂ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၇ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၁၃၂၅ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats