ပင်းပက်စက်ရုံမှ ၅ ဦး အပါအဝင် ၉ ဦးတွင် COVID-19 ပိုး‌တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းပက်စက်ရုံမှ ၅ ဦး အပါအဝင် ၉ ဦးတွင် COVID-19 ပိုး‌တွေ့


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ အောက်တိုဘာလ ၂၆ ရက်တွင် ပင်းပက်စက်ရုံမှ ၅ ဦး အပါအဝင် စုစုပေါင်း ၉ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့‌ကြောင်း မြို့နယ်ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ COVID-19 ပိုး တွေ့သူများမှာ ပင်းပက်သံမဏိစက်ရုံမှ ဝန်ထမ်း ၄ ဦး၊ မှီခိုသူ ၁ ဦး၊ မြို့ပေါ် တောင်ရပ်ကွက်မှ ၃ ဦးနှင့် ပိန္နဲကုန်းကျေးရွာမှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၂၂၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၁၀၈၂ ဦး၊သေဆုံးသူ ၃၀ ဦး ရှိကာ ၁၀၈ ဦးမှာ ကုသမှု ခံယူဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats