လားရှိုးမြို့ မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်းတွင် COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။
.
လွေးအမ်ဖောင်းသည် စက်တင်ဘာလ ၂၆ ရက်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၈ ရက်တွင် အမှုတွဲ တင်မည်ဟု သိရသည်။
.
ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် သတင်းသမားများအနက် ရှမ်းပြည်နယ်မှ ၁ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦးသာ ပြန်လည် လွတ်မြောက်ခဲ့ပြီး ရှမ်းပြည်နယ်မှ ၆ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးမှာ လက်ရှိ အချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း MPFI-D ၏ ထုတ်ပြန်ချက်အရ သိရသည်။