မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးစင်တာ စတင် ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးစင်တာ စတင် ဖွင့်လှစ်

 


မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာတွင် အရေးပါသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးစင်တာကို  အောက်တိုဘာ ၁ ရက် နေ့လယ်က စတင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

.

အဆိုပါ COVID-19 ကုသရေး စင်တာကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပြည်သူ့အစိုးရ၏ ပံ့ပိုးမှုဖြင့် ဩဂုတ်လ၊ ဒုတိယအပတ်က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ အရှေ့မြောက်တံခါး သစ်သီးပွဲရုံဝင်း၌ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

.

တရုတ်နိုင်ငံဘက်သို့ ကုန်တင်ပို့မည့် ကုန်တင်ယာဥ်သမားများကို အဓိက ထား၍ COVID-19 ပိုး စစ်ဆေးခြင်း၊ ကုသမှု‌ပေးခြင်းတို့ကို ယင်း စင်တာတွင် ဆောင်ရွက်မည် ဖြစ်‌ကြောင်း သိရသည်။

.

COVID-19 ကြောင့် ပိတ်ထားသည့် နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန် ဖွင့်ရန်အတွက်မှာ ယင်း စင်တာအပေါ်တွင် မူတည်‌သည်ဟုလည်း သိရသည်။

.

၁၀၅ မိုင် ကုန်သွယ်ရေးဇုန် COVID-19 ကုသရေးစင်တာတွင် ခုတင် ၂၅၀ ဆံ့ အဆောင် ၄ ခု ရှိပြီး ဆရာဝန် ၃ ဦး၊ သူနာပြု ၇ ဦး၊ စေတနာ့ ဝန်ထမ်း ၄၀ ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats