ရှမ်းပြည်နယ်တွင် COVID-19 ဖြင့် သေဆုံးသူ စုစုပေါင်း ၁၇၃၀ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ဖြင့် သေဆုံးသူ စုစုပေါင်း ၁၇၃၀ ဦး ရှိ

 


ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၌ COVID-19 ဖြင့် သေဆုံးသူ စုစုပေါင်း ၁၇၃၀ ဦး ရှိကြောင်း သိရသည်။

.

COVID-19 တတိယလှိုင်း ကာလအတွင်း ရှမ်းပြည်နယ်၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းထိ ပိုး ရှိသူ စုစုပေါင်း ၆၀၆၇၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၇၃၀ ဦး သေဆုံး၍ ၅၂၃၈၉ ဦး ဆေးရုံမှ ဆင်းခွင့် ရခဲ့ကာ ၆၅၅၈ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

.

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ပိုး တွေ့နှုန်း ကျဆင်းလာသော်လည်း ရှမ်းပြည်နယ်တွင်မူ ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကာ သေဆုံးနှုန်းမှာမူ အနည်းငယ် လျော့နည်းသွားသည်ဟု သိရသည်။

.

ရှမ်းပြည်နယ်၌ COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ လားရှိုး၊ မူဆယ်၊ နောင်ချို၊ လောက်ကိုင်၊ သီပေါ၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်နှင့် အောင်ပန်းမြို့တို့ကို Stay at Home သတ်မှတ်ထားသည့် အပြင် လက်ရှိတွင်လည်း COVID-19 ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်အား ထိုးနှံပေးနေကြောင်း သိရသည်။

Journal Download

Photo of three cats