ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် COVID-19 ပိုး ရှိသူ ၈ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ COVID-19 ပိုး တွေ့သူများမှာ ဘိလပ်မြေစက်ရုံမှ အမျိုးသမီး ဝန်ထမ်းနှင့် မြို့ပေါ်ရပ်ကွက်များမှ ၇ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၀၆၁ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၈၉၆ ဦး၊သေဆုံးသူ ၂၅ ဦး ရှိကာ ၁၄၀ ဦးမှာ ကုသမှု ခံယူဆဲ ဖြစ်ကြောင်း သိရသည်။
.
ကုသမှု ခံယူဆဲ လူနာများကို ဆေးရုံများ၊ Positive Center များတွင် လည်းကောင်း၊ Home care အဖြစ် နေအိမ်များတွင် လည်းကောင်း ထားရှိကြောင်း သိရသည်။