ရှမ်းပြည်နယ်မှ ကျောင်းသား/သူ ၁၃၀၀၀၀ ကျော် COVID-19 ကာကွယ်ဆေး ထိုးနှံရန် စာရင်းကောက်ယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ ကျောင်းသား/သူ ၁၃၀၀၀၀ ကျော် COVID-19 ကာကွယ်ဆေး ထိုးနှံရန် စာရင်းကောက်ယူထား


ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အသက် ၁၂ နှစ်နှင့် အထက်ရှိ အခြေခံပညာ ကျောင်းသား/သူ စုစုပေါင်း ၁၃၀၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံရန် စာရင်းကောက်ယူထားပြီး ဖြစ်သည်ဟု သိရသည်။

.
အဆိုပါ ကျောင်းသား/သူများကို အောက်တိုဘာလ ၁၆ ရက်မှ စတင်၍ စတင် ထိုးနှံပေးရန် စီစဉ်ထားကြောင်းနှင့် ထိုးနှံပေးမည့် COVID-19 ကာကွယ်ဆေး အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် SINOVAC ဖြစ်ကြောင်း သိရသည်။
.
" လာမယ့် ၁၆ ရက်နေ့ကို စပြီး ထိုးပေးဖို့တော့ မှန်းထားတယ်ဗျ။ ထိုးမယ့် အမျိုးအစားကတော့ SINOVAC ပါ။" ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာ မြင့်သိန်းက ပြောသည်။
.
COVID-19 ကာကွယ်ဆေး ထိုးနှံရန် စာရင်းကောက်ယူထားသည့် စာရင်းတွင် အခြေခံပညာကျောင်းများမှ ၁၂၈၃၆၄ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၅၅၀ ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ၄၈၈ ဦး၊ စုစုပေါင်း အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသား/သူ ၁၃၁၄၀၂ ဦး ဖြစ်‌ကြောင်း သိရသည်။
.

Journal Download

Photo of three cats