ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ အောက်တိုဘာလ ၁ ရက်တွင် COVID-19 ပိုး ရှိသူ ၁၆ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၉၀၀ ဦးကျော် ရှိပြီ ဖြစ်ကြောင်း မြို့နယ်ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ရောဂါပိုး တွေ့ရှိသူများမှာ ဟိုပုံးမြို့မရဲစခန်းမှ ၂ ဦး အပါအဝင် မြို့ပေါ် ရပ်ကွက်များမှ ရေသန့်လုပ်ငန်း လုပ်ကိုင်သူများ၊ အလှပြင်လုပ်ငန်း လုပ်ကိုင်သူ၊ ဈေးရောင်းသူများ၊ ကုမ္ပဏီဝန်ထမ်းနှင့် မှီခိုသူများ စသည်ဖြင့် ၁၆ ဦး ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၉၀၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၇၅၁ ဦး၊သေဆုံးသူ ၁၉ ဦး ရှိကာ ၁၃၆ ဦးမှာ ကုသမှု ခံယူဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #News1October2021