အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံ‌ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံ‌ရန် စီစဉ်နေ

ရက်ရှည် ပိတ်ထားသည့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်နေကြောင်း သိရသည်။

.

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

.

အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီ ဒုဥက္ကဌ က အောက်တိုဘာလ ကျောင်းပိတ် ရက်ရှည် ကာလ အလွန်တွင် ပြန်လည် ဖွင့်လှစ်နိုင်အောင် ဆွေးနွေး ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို COVID-19 ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးသွားရန် လိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးမည့် COVID-19 ကာကွယ်ဆေး အမျိုးအစားကို စစ်ကောင်စီက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ တရုတ်နိုင်ငံထုတ် Sinovac ကို ထိုးနှံ ပေးနိုင်ဖွယ် ရှိသည်ဟု သိရသည်။

.

လက်ရှိတွင် အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ ရက်ထိ ယာယီ ပိတ်ထားခြင်း ဖြစ်ပြီး လာမည့် အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ လဆန်းပိုင်းတွင် ပြန်လည် ဖွင့်လှစ်နိုင်ဖွယ် ရှိ‌ကြောင်း သိရသည်။

.

Quarantine Center ပြုလုပ်ထားသည့် ‌တောင်ကြီးမြို့ရှိ အထကကျောင်း တစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ မေလက တွေ့မြင်ရစဉ်


Journal Download

Photo of three cats