အာဆီယံထိပ်သီး အစည်းအဝေးသို့ စစ်ကောင်စီ ဥက္ကဌအား ဖိတ်မည် မဟုတ်ကြောင်း အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံထိပ်သီး အစည်းအဝေးသို့ စစ်ကောင်စီ ဥက္ကဌအား ဖိတ်မည် မဟုတ်ကြောင်း အတည်ပြု

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာ စစ်ကောင်စီ ဥက္ကဌ ကို ဖိတ်ကြားမည် မဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဌက အတည်ပြုခဲ့သည်ဟု ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် ရိုက်တာသတင်း၌ ဖော်ပြထားသည်။

.

လာမည့် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်ထိ ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ပြုလုပ်မည် ဖြစ်ရာ ယမန်နေ့က ပြုလုပ်သည့် အာဆီယံနိိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေး၌ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က ပူးပေါင်း ဆောင်ရွက်ခြင်း မရှိ၍  အစည်းအဝေးသို့ တက်ခွင့် မပေးဘဲ ချန်ထားရန်  ဆုံးဖြတ်ချက်ကို အာဆီယံနိုင်ငံများက သဘော တူညီလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာ၏ ဖော်ပြချက်အရ သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီ ဥက္ကဌအား အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုသော်လည်း "a non-political representative" နိုင်ငံရေးပိုင်းမှ မဟုတ်သူ တစ်ဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် တက်ရောက်ခွင့်ပေးရန် ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။ 

Journal Download

Photo of three cats