အခြေခံပညာကျောင်းများကို အောက်တိုဘာ လကုန်အထိ ဆက် ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အခြေခံပညာကျောင်းများကို အောက်တိုဘာ လကုန်အထိ ဆက် ပိတ်မည်

 


ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင် အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၃၁ ရက်ထိ ဆက်လက်၍ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ယာယီ ပိတ်ထားမည်ဟု COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက အောက်တိုဘာလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.


မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၃ ရက်တွင် COVID-19 ပိုး ရှိသူ ၁၀၆၇ ဦး (၅ ဒသမ ၃၈ ရာခိုင်နှုန်း) တွေ့ရှိခဲ့ရာ စုစုပေါင်း ပိုး ရှိသူ  ၄၉၃၅၇၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၈၅၁၁ ဦး ရှိသည်ဟု စစ်ကောင်စီ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats