သီပေါမြို့နယ်မှ HINO ၁၂ ဘီး မော်တော်ယာဉ်ဖြင့် သယ်ဆောင်သည့် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်၊ ည ၉ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၂)ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ်(၁၉၉/ဘီ) ခြံဝင်းအတွင်း ဝင်ရောက် ရှာဖွေစဉ် ခြံဝင်းအတွင်းရှိ ဂိုထောင်ရှေ့တွင် ရပ်ထားသည့် HINO ၁၂ ဘီးမော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း ဇော်ဝင်း၊ ယာဉ်နောက်လိုက်များ ဖြစ်သည့် ဇေယျာနှင့် မြတ်မိုး တို့အား တွေ့ရှိရပြီး ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း တို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်တွင် CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်သို့ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။