အာဆီယံ အထူးသံတမန်နှင့် မပူးပေါင်းပါက ထိပ်သီးအစည်းဝေးသို့ စစ်ကောင်စီ တက်ခွင့် မရနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံ အထူးသံတမန်နှင့် မပူးပေါင်းပါက ထိပ်သီးအစည်းဝေးသို့ စစ်ကောင်စီ တက်ခွင့် မရနိုင်

မြန်မာ့အရေးကို ဝင်‌ရောက် ဖြေရှင်းပေးရန် ကြိုးပမ်းနေသော အာဆီယံ အထူးသံတမန်နှင့် ပူးပေါင်း လုပ်ဆောင်ရန် မြန်မာဘက်က ငြင်းမည်ဆိုပါက ယခုလအတွင်း ကျင်းပရန် ရှိသော အာဆီယံထိပ်သီးဆွေးနွေးပွဲကို မြန်မာ ပါခွင့် မရအောင် ဖယ်ထားခံရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ အောက်တိုလ ၄ ရက်တွင် သတိပေးခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ 

.

အာဆီယံ၏ မြန်မာ့အရေး အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို ပြီးခဲ့သည့် သြဂုတ်လက ရွေးချယ် အတည်ပြုခဲ့‌သော်လည်း မြန်မာစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အပေါ် စိတ်ပျက်ရကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုခဲ့‌ကြောင်း သိရသည်။

.

ထို့အတူ တိုးတက်မှုများ မရှိပါက ယခု လကုန်ပိုင်း၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ရန် ခက်လိမ့်မည်ဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တွစ်တာ လူမှုကွန်ရက်၌ ရေးသားထားသည်။

.


[ Photo - AFP ; ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေး ]

Journal Download

Photo of three cats