ရှမ်းပြည်နယ်မှ ၂၆ မြို့နယ် အပါအဝင် ၄၆ မြို့နယ်မှ အပ ကျန် အခြေခံပညာကျောင်းများ ပြန် ဖွင့်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ ၂၆ မြို့နယ် အပါအဝင် ၄၆ မြို့နယ်မှ အပ ကျန် အခြေခံပညာကျောင်းများ ပြန် ဖွင့်မည်


ရှမ်းပြည်နယ်မှ ၂၆ မြို့နယ် အပါအဝင် စုစုပေါင်း ၄၆ မြို့နယ် မှအပ ကျန်မြို့နယ် အသီးသီးရှိ အခြေခံပညာ ကျောင်းများကို လာမည့် နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ပြန် ဖွင့်မည် ဖြစ်ကြောင်း သိရသည်။

.

COVID-19 ဓါတ်ခွဲ အတည်ပြုလူနာသစ် တွေ့ရှိမှု၊ ၁၄ ရက်အတွင်း လူဦးရေ တစ်သိန်းလျင် ဓါတ်ခွဲ အတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းကို သုံးသပ် ဆန်းစစ်၍ ယင်းကဲ့သို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ ပြန်လည် ဖွင့်လှစ်ခွင့် မရသေးသည့် ရှမ်းပြည်နယ်မှ ၂၆ မြို့နယ်မှာ နောင်ချို၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ဆီဆိုင်၊ ပင်းတယ၊ ပင်လောင်း၊ ရပ်စောက်၊ ဟိုပုံး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ ကွမ်းလုံ၊ လားရှိုး၊ သိန္နီ၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း၊ နမ့်စန်၊ မိုင်းရှူး၊ လဲချားမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats