မိုင်းကိုင်မြို့နယ်တွင် စစ်ဘေးရှောင် ၂ ဦး မိုင်း နင်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းကိုင်မြို့နယ်တွင် စစ်ဘေးရှောင် ၂ ဦး မိုင်း နင်းမိ

 


လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ နော်ဆိုင်ကျေးရွာရှိ လိမ္မော်ခြံအတွင်း စစ်ဘေးရှောင် ဒေသခံ ပြည်သူ ၂ ဦး မိုင်းနင်းမိပြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မိုင်း နင်းမိ‌သော စစ်ဘေးရှောင် ၂ ဦးမှာ အသက် ၅၂ နှစ်နှင့် ၅၀ နှစ်အရွယ် အမျိုးသားများ ဖြစ်ပြီး ၎င်းတို့သည် အောက်တိုဘာလ ၅ ရက်၊ ညနေပိုင်းက မိုင်း နင်းမိကြခြင်း ဖြစ်ကာ ယနေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းတွင် မိုင်းကိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

.

လက်ရှိတွင်လည်း မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုနှင့် ပန်ကေတုကျေးရွာ အုပ်စု အတွင်း၌ RCSS နှင့် SSPP တို့ တိုက်ပွဲများ ဖြစ်နေပြီး ဒေသခံပြည်သူ ၃၀၀၀ ဦး‌ကျော်ခန့် စစ်ဘေးရှောင် နေကြရကြောင်း သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်က ဖြစ်ပွားသည့် တိုက်ပွဲမှ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကာ အမျိုးသားတစ်ဦးမှာမူ သေဆုံးခဲ့ရသည်။

Journal Download

Photo of three cats