ရှမ်းပြည်နယ်မှ ပြည်သူ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ၍ စစ်ရှောင်စခန်းများတွင် နေထိုင်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ ပြည်သူ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ၍ စစ်ရှောင်စခန်းများတွင် နေထိုင်နေရ


ရှမ်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ အစောပိုင်းမှ စတင်၍ ပြည်သူ စုစုပေါင်း ၃၄၀၀၀ ဦးခန့် ထွက်ပြေးခဲ့ကြရပြီး ယခုအချိန်ထိ ၁၃၃၈၀ ဦးခန့်မှာ ယာယီစခန်းများတွင် နေထိုင်ရလျက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

.
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ပြည်သူများသည် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရခြင်းဖြစ်‌ကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူပေါင်း ၂၃၇၇၀၀ ဦးခန့်သည် နေရပ်စွန့်ခွာ ခဲ့‌ရ‌‌ကြောင်း သိရသည်။
.


ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် စိုးရိမ်ဖွယ် လုံခြုံရေး အခြေအနေ ဖြစ်နေဆဲ ရှိပြီး ဖေဖော်ဝါရီလ နောက်ပိုင်း တိုက်ပွဲနှင့် လုံခြုံရေး အခြေအနေများကြောင့် လူဦးရေ ၁၄၂၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေး‌နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
.

ရှမ်းပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများ အနက် ဖယ်ခုံမြို့နယ်၊ မူဆယ်မြို့နယ် အပါအဝင် ဒေသအနည်းတွင်သာ စစ်ကောင်စီ တပ်နှင့် ဖြစ်ပွားခြင်း ဖြစ်ကာ ကျန်တိုက်ပွဲ အများစုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်သော တိုက်ပွဲများ ဖြစ်သည်။

Journal Download

Photo of three cats