ထော်လာဂျီ တိမ်းမှောက်၍ ဆေးကုသမှု ခံယူနေသည့် စစ်ရှောင် အဖွားအို သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထော်လာဂျီ တိမ်းမှောက်၍ ဆေးကုသမှု ခံယူနေသည့် စစ်ရှောင် အဖွားအို သေဆုံး


လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း၌ စစ်‌ဘေးရှောင်များ စီးနင်းလာသည့်  ထော်လာဂျီတိမ်းမှောက်၍ ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသော အဖွားသည် ယနေ့ အောက်တိုဘာ ၈ ရက်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူ အဖွားမှာ အသက် ၈၆ နှစ်အရွယ် နိုင်းမွန်နု ဖြစ်ကာ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၊ ကုန်းလှိုင်းရွာ အနီး၌ စစ်ဘေးရှောင်ရင်း ထော်လာဂျီ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

.

မိုင်းကိုင်မြို့နယ် အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အဖြစ် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံ ၅၀၀၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats