လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ


လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်းသွားကားလမ်း၊ ခါးသျှိကျေးရွာ အနီးတွင် အောက်တိုဘာလ ၂၆ ရက်က ငွေကျပ်သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိခဲ့ကြောင်း သိရသည်။

.

လားရှိုး-တန့်ယန်းသွား ကားလမ်း၊ ခါးသျှိကျေးရွာအနီးတွင် မိုင်းရယ်မှ လားရှိုးဘက်သို့ ဇော်ဦး မောင်းနှင်လာသည့် LIFAN ၆ ဘီး မြေသယ်ယာဉ် အား ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများကို မိုင်းရယ်မြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် သယ်ဆောင်သူအား အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats