ရွာငံမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊  ကျောက်ကူပြင်ကျေးရွာ အနီး၌ ကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို အောက်တိုဘာလ ၆ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ အောင်ပန်း - ကျောက်ဆည်သွား ကားလမ်း၊ ကျောက်ကူပြင်ကျေးရွာ အနီးတွင် အောင်ပန်းမှ ကျောက်ဆည်ဘက်သို့ အောင်ကိုသန်း မောင်းနှင်လာသည့် Toyota Hiace မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်းကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

.

ထို့အတူ  စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ ကောင်းထက်ကျော်နှင့် ဟိန်းမင်းဦးတို့အား နောင်ချိုမြို့ တွင် Hijet မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ကျော်ကျော်ဝင်း အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၃ လမ်း၊ အမှတ်(၄၆) နေအိမ်တွင် လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ယင်း သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကွန်ဟိန်းမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်သူ၊ ပူးပေါင်းပါဝင်သူများနှင့် သယ်ဆောင်ခိုင်းသူတို့အား ဥပဒေအရ အရေးယူ ထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats