နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ


နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်က ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ သီပေါမှ မန္တလေးသို့ စိုင်းစံဆာ (ခ) အိုက်စံ မောင်းနှင်လာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက်များဖြင့် ထည့်လျက် ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလိုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများမှာ သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်စဥ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး စိုင်းစံဆာ (ခ) အိုက်စံ အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats