တောင်ကြီးမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီးကို ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်က ခိုးယူခံခဲ့ရကြောင်း သိရသည်။
.
" မနေ့ နေလယ် ၁၁နာရီခွဲလောက်ကရှင့်။ တောင်ကြီး Passport ရုံးရှေ့မှာ ဆိုင်ကယ် ရပ်ထားပြီး passport သွားယူပြီး ချက်ချင်း ထွက်လာတာ ဆိုင်ကယ်က မရှိတော့ဘူး ခိုးခံလိုက်ရတာ။ ခိုးတဲ့သူက မှန်ချ ဆိုင်ကယ်ဦးထုပ် ဆောင်းထားတာ လမ်းလျှောက်တာလည်း နည်းနည်း ယိုင်နေသလိုပဲ CCTV မှတ်တမ်း ရှိတယ်ရှင့်။" ဟု ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
.
ခိုးယူခံရသော မော်တော်ဆိုင်ကယ်မှာ Honda Wave M/C အမျိုးအစား၊ ယာဉ်အမှတ် ၄၄ယ/၃၀၆၆၀ ၊ ဇီးနက် + ရွှေရောင် ဖြစ်ပြီး တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09789311790 သို့ ဆက်သွယ်ပေးကြရန် ၎င်းက မေတ္တာရပ်ခံထားသည်။
.
ထို့အတူ အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင်လည်း ဧရာဝတီ လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသည့် Honda NCH Wave ဆိုင်ကယ် တစ်စီးလည်း ခိုးယူ ခံခဲ့ရသည်ဟု ပိုင်ရှင်ဖြစ်သူက ဆက်သွယ်ပြောဆိုထားသည်။
.
ယခု ရက်ပိုင်းအတွင်း တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် ခိုးယူ ခံရမှုများ များပြားလာသည့် အပြင် ခဏ ငှားရမ်း စီးနင်းပြီးနောက် လိမ်လည်သူများလည်း ရှိနေကြောင်း သိရသည်။