မိုင်းကိုင်မြို့နယ်တွင် စစ်‌ဘေးရှောင် နေရသည့် ပြည်သူ ၆၀၀၀ ကျော် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် စစ်‌ဘေးရှောင် နေရသည့် ပြည်သူ ၆၀၀၀ ကျော် ရှိလာ


လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့်  RCSS/SSA နှင့် SSPP/SSA တို့၏ တိုက်ပွဲကြောင့် စစ်ဘေး‌ရှောင်နေကြရသည့် ပြည်သူဦးရေ ၆၀၀၀ ကျော် ရှိလာ‌ပြီ ဖြစ်သည်ဟု သိရသည်။

.

“ ပြေးလာတဲ့ ရွာတွေ အားလုံးက ပြီးခဲ့တဲ့ ၉ လပိုင်းနဲ့ ဒီ ၁၀ လပိုင်းထဲက ဖြစ်တယ်။ ပြေးတဲ့ ရက် အတိအကျတော့ ကျွန်တော် မမှတ်မိတော့ဘူး။ အခု လက်ရှိ စစ်ရှောင်တွေ လိုအပ်တာက စားနပ် ရိက္ခာတွေပါ။ ဆန်၊ ဆီ၊ ဆား၊ ဟင်းတွေ ပြီးတော့ အသုံးဆောင် ပစ္စည်းနဲ့ စောင်တွေ လိုအပ်နေတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ရွှေဖီမြေသို့ ပြောဆိုထား‌သည်။

.


ပန်ကေတုကျေးရွာအုပ်စု နားနေဘုန်းကြီးကျောင်းတွင် ၇၆၄ ဦး၊ ကုန်းလိုင်းစာသင်ကျောင်းတွင် ၈၂ ဦး၊ အုပ်ချုပ်ရေးမှူး ခြံဝင်းတွင် ၈၂၇ ဦး၊ မောက်လိုင်ဇရပ်တွင် ၆၄၉ ဦး၊ ဟမ်ငိုင်းကျေးရွာအုပ်စု ကုန်စုံဘုန်းကြီးကျောင်းတွင် ၁၅၈၃ ဦး၊ လွယ်စက်တော် ဘုန်းတော်ကြီးကျောင်းတွင် ၆၃၄ ဦး၊ ကောင်းမှူးဆိုင် စေတီတော်တွင် ၈၂၁ ဦး၊ ဟိုနားကျေးရွာအုပ်စု ဝိန်းငင်းဘုန်းတော်ကြီးကျောင်းတွင် ၄၉၀ ဦး၊ ဟွေနွဲ့ဘုန်းတော်ကြီးကျောင်းတွင် ၃၂၂ ဦး၊ စုစုပေါင်း ၆၁၇၂ ဦးသည် အိုးအိမ်စွန့်ခွာ၍ စစ်ဘေး ရှောင် နေကြရခြင်း ဖြစ်သည်။

Journal Download

Photo of three cats