ရှမ်းတောင်တွင် တိုက်ပွဲကြောင့် ပြည်သူ ၁၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် တိုက်ပွဲကြောင့် ပြည်သူ ၁၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှ စတင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ ၁၁၀၀၀ ဦးကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေး‌နေရသည်ဟု UNOCHA Myanmar က ယနေ့ အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်သည်။

.
မြန်မာ တစ်နိုင်ငံလုံးတွင် ပြည်သူ စုစု‌ပေါင်း ၁၄၆၃၀၀ ခန့် နေအိမ် စွန့်ခွာ ထွက်ပြေးနေရခြင်း ဖြစ်ပြီး ယင်းအနက် ရှမ်းပြည်နယ် တောင်ပိုင်းမှ ၁၁၁၀၀ ဦး ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
" မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက မြို့နယ် အတော်များများမှာ မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့‌တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သားတွေ တိုက်ပွဲရှောင် ထွက်ပြေးရလျက် ရှိပါတယ်။" ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
.
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက လတ်တလောတွင် တိုက်ပွဲရှောင်သူ ဦးရေ စုစုပေါင်း ၄၃၀၀ ခန့် တိုးလာပြီး ကယားပြည်နယ် အတွင်း၌ အများဆုံးဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats