ပြည်ပမှ လူစီးမော်တော်ယာဥ် တင်သွင်းမှုများအတွက် တင်သွင်းခွင့်ပါမစ်/ လိုင်စင် ခွင့်ပြု ထုတ်ပေးခြင်းကို ယနေ့ အောက်တိုဘာ ၁ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
.
COVID-19 ကူးစက်မှု နောက်ဆက်တွဲ အဖြစ်စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ ပို့ကုန်တင်ပို့မှု လျော့ကျခြင်းများကြောင့် နိုင်ငံခြားသုံးငွေ ကို လျော့ချရန်အတွက် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
.
တစ်ဦးချင်း မော်တော်ယာဥ် တင်သွင်းခြင်းနှင့် ယာဥ်အိုယာဥ်ဟောင်း စနစ်ဖြင့် တင်သွင်းခြင်း၊ မော်တော်ယာဥ် အရောင်းပြခန်းနှင့် အရောင်းစင်တာများမှ တင်သွင်းခြင်း၊ ဝန်ထမ်း တစ်ဦးချင်း တင်သွင့်ခွင့် ပါမစ်များလည်း ယင်း ရရပ်ဆိုင်းမှုတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။
.
ထို့အတူ မော်တော်ယာဉ် အရောင်းစင်တာအသစ် ဖွင့်လှစ်ခွင့်ကိုလည်း ယနေ့မှ စတင်၍ ယာယီရပ်ဆိုင်းကြောင်း ဖော်ပြပါရှိသည်။
.
မြန်မာနိုင်ငံ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏ (ပို့ကုန်/သွင်းကုန်)မှာ စက်တင်ဘာလ ၁၇ ရက်ထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၂၂၈ ဒသမ ၀၅၅ ရှိပြီး ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ကာလတူတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၇၅၅ ဒသမ ၄၃၁ ရှိသဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၂၃ ဒသမ ၃၇၆ လျော့နည်းခဲ့ကြောင်း သိရသည်။