မိုင်းကိုင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရသူများအနက် အမျိုးသား တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရသူများအနက် အမျိုးသား တစ်ဦး သေဆုံး

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၊ ကုံးပေါင်းကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရခဲ့သူများအနက် အမျိုးသား တစ်ဦးသည် ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

.
ယမန်နေ့ အောက်တိုဘာလ ၄ ရက်၊ ညနေပိုင်းက ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲသည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ယင်း အမျိုးသားမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသား ဖြစ်ပြီး ရင်ဘတ်တွင် ကျည်ထိမှန်‌သော ဒဏ်ရာဖြင့်ပင် သေဆုံးရခြင်း ဖြစ်သည်။
.
ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာ ကုန်းစုံဘုန်းတော်ကြီးကျောင်း၌ စစ်ရှောင်ပြည်သူ ၃၀၀၀ ဦးခန့် တိမ်းရှောင်နေရကာ နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

Journal Download

Photo of three cats