တောင်ကြီးမြို့ အရှေ့ဘက် မြစိမ်းတောင်ဘုရား အနီးရှိ ယာဉ်ရပ်နားသည့် နေရာ၌ ရပ်ထားသော မော်တော်ဆိုင်ကယ် တစ်စီး အောက်တိုဘာလ ၂၀ ရက်က ခိုးယူခံခဲ့ရကြောင်း သိရသည်။
.
ခိုးယူခံရသော မော်တော်ဆိုင်ကယ်မှာ Honda Wave MIC အမျိုးအစား ၊ ယာဉ်နံပါတ်မှာ 78W/20204 ဖြစ်ပြီး အမျိုးသား ၂ ဦးမှ ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
" မြစိမ်းတောင်ဘုရားနားမှာ အခိုးခံရတာပါရှင်။ CCTV မှာ ခိုးတဲ့သူ ၂ ယောက်ကို တွေ့လိုက်ပါတယ်။ ညီမတို့ ဆိုင်ကယ် ပြန် မရရင်တောင် ကျန်တဲ့ သူတွေ သတိထားလို့ ရအောင်ပါ။ ညီမတို့မှာ လိုင်စင်တွေလည်း ရှိပါတယ်။" ဟု ပျောက်ဆုံး မော်တော်ဆိုင်ကယ် ပိုင်ရှင်က ပြောသည်။
.
အဆိုပါ မော်တော်ဆိုင်ကယ်အား တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09444407758 နှင့် 09254305549 သို့ ဆက်သွယ်ပေးကြရန် ၎င်းက မေတ္တာရပ်ခံထားသည်။