တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် တစ်စီး အခိုး ခံရပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် တစ်စီး အခိုး ခံရပြန်

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမဘေး၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး အောက်တိုဘာလ ၂၆ ရက်၊ ညနေပိုင်းက ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

" မြဝတီဘဏ် ဘေးနားမှာ ရပ်ထားတဲ့ ဆိုင်ကယ် အခိုး ခံရတာပါ။" ဟု ပိုင်ရှင် ဖြစ်သူက ပြောသည်။

.

အဆိုပါ မော်တော်ဆိုင်ကယ်မှာ Honda wave 100 အမျိုးအစား၊ ယာဉ်အမှတ် SHN 57 W 62664 ဖြစ်ပြီး ခိုးယူသူမှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်ကို CCTV မှတ်တမ်းတွင် တွေ့မြင်ရသည်။

.

မော်တော်ဆိုင်ကယ်အား တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09428340341 သို့ ဆက်သွယ် ပေးရန် ပိုင်ရှင် ဖြစ်သူက မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats