ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ၏ နေအိမ်တွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ၏ နေအိမ်တွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွား


တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ  ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ်၌ ယနေ့ အောက်တိုဘာလ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

" ပေါက်ကွဲတာ မှန်ပါတယ်၊ အိမ်ရှေ့ မြေကွက်လပ်မှာ ဖြစ်သွားတာပါ။ ထိခိုက်မှု မရှိဘူးလို့တော့ သိရပါတယ်။ အသံမိုင်း ပေါက်ကွဲတာပါ။" ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။

.

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဦးစိုင်းထွန်းထွန်း မှာ နေအိမ်တွင် ရှိမနေဘဲ ပြည်နယ်အစိုးရရုံး၌ အစည်းအဝေး တက်ရောက်နေခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

.

လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွင် လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Journal Download

Photo of three cats