လွိုင်လင်မြို့ ဂေါက်ကွင်း၌ တပ် ထောက်ခံပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်မြို့ ဂေါက်ကွင်း၌ တပ် ထောက်ခံပွဲ ပြုလုပ်


စစ်တပ် ထောက်ခံပွဲကို ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် လွိုင်လင်မြို့ ဂေါက်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် ထောက်ခံပွဲကို လွိုင်လင်ဂေါက်ကွင်း၌ စုရပ်၊ ဆုံရပ်အဖြစ် သတ်မှတ်၍ ပြည်ထောင်စု လမ်းတစ်လျှောက် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး၊ ပြည်ပအားကိုး ပုဆိန်ရိုး ၊ တပ်မတော် ပြိုကွဲအောင် ကြံဆောင်သူ မှန်သမျှ ဆန့်ကျင်ကြ စသည့် ကြွေးကြော်သံများဖြင့် စီတန်း လှည့်လည်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.


စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူ ၃၀၀ ဦးခန့်နှင့် သတင်းသမား ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ အချိန်ထိ ပြည်သူ ၁၀၀ ဦးခန့်နှင့် သတင်းသမား ၆ ဦးမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။

Journal Download

Photo of three cats