ကလောရှိ ဟိုတယ်အချို့ ဧည့်သည်များ ပြန်လည် လက်ခံလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောရှိ ဟိုတယ်အချို့ ဧည့်သည်များ ပြန်လည် လက်ခံလာ


ကလောမြို့ရှိ ဟိုတယ်အချို့တွင် ဧည့်သည်များကို စက်တင်ဘာလ၊ နောက်ဆုံးပတ်က စတင်၍ ပြန်လည် လက်ခံနေပြီဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

.
ဟိုတယ်ပိုင်ရှင်နှင့် ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး‌နောက် ယင်းကဲ့သို့ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
" လက်ရှိတော့ အခန်း အကုန် မဖွင့်ပါဘူး၊ ၂/၃ ခန်း လောက်ပဲ ဝင်ကြတာပါ။ ဧည့်သည်ကတော့ အများကြီး မလာသေးပါဘူး။ တစ်ခုတော့ ရှိတယ်၊ အဲဒါက အရင် ညွှန်ကြားချက်ထဲမှာ Stay at Home မြို့နယ်တွေက ဆိုရင် ဧည့်သည် လက်မခံပါဘူး။ သက်ဆိုင်ရာကို အကြောင်းကြားရပါတယ်။"ဟု Golden Kalaw ဟိုတယ်မှ မန်နေဂျာ ကိုသူရဝင်းက ပြောသည်။
.
လက်ရှိတွင် ကလောအခြေစိုက် ဟိုတယ်/တည်းခိုခန်းနှင့် လုံးချင်းအိမ် အချို့တွင် ဧည့်သည်များကို စတင်လက်ခံနေပြီ ဖြစ်သလို ကျန် ဟိုတယ်များမှာလည်း ယခု အောက်တိုဘာလအတွင်း ပြန်လည် ဖွင့်လှစ်ရန် စီစဥ်နေကြောင်း သိရသည်။
.
ကလောမြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားများ၏ လာရောက် လည်ပတ်‌လေ့ရှိသည့် မြို့ ဖြစ်ကာ ထင်းရှုးမြို့တော်ဟု တင်စားမှု ခံရသော မြို့လည်း ဖြစ်သည်။

Journal Download

Photo of three cats