မူဆယ်မြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ ရဲအရာရှိ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ ရဲအရာရှိ တစ်ဦး သေဆုံး


မူဆယ်မြို့နယ်တွင် အောက်တိုဘာလ ၃ ရက်၊ ည ၇ နာရီခွဲ့ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေနတ်ကျည် ထိမှန်၍ သေဆုံးခဲ့‌ကြောင်း သိရသည်။

.

ကျင်စန်းကျော့ - ဝမ်တိန်ဂိတ်သွား လမ်း‌ပေါ်ရှိ ကောင်းခန့်ရွာအထက် ဆီဆိုင်အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့အကြား နာရီဝက်ခန့် အကြာ ပစ်ခတ်မှု ဖြစ်ပွားစဥ် ရဲအုပ် တစ်ဦး ကျည်ထိမှန် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ပစ်ခတ်မှု ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ နေအိမ်များ၊ ဈေးဆိုင်များတွင် ကျည်ထိမှန်မှု ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ဒုရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)နှင့် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ဖုန်း လက်ခံ ဖြေဆိုခြင်း မရှိပေ။

Journal Download

Photo of three cats