တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းပေါ်ရှိ သစ်ပင်ကြီးများ ခုတ်ထွင်ခံရမှု ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းပေါ်ရှိ သစ်ပင်ကြီးများ ခုတ်ထွင်ခံရမှု ရှိနေ


တောင်ကြီးမြို့၏ အရှေ့ဘက် တောင်တန်းပေါ်၌ သစ်ပင်ကြီးများ ခုတ်ထွင် ခံယူရမှုများ ရှိနေကြောင်း သိရသည်။

.

သစ်ပင်ကြီးများအား ယခုကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် ခုတ်လှဲ ခံနေရသည့် အခြေအနေများ ရှိနေသည့် အပြင် ခိုးယူ ခုတ်ထွင်မှုများလည်း ရှိနေသောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူများနှင့် ဒေသခံများက ပြစ်တင် ဝေဖန်မှုများ ပြုလုပ်နေလျက် ရှိ‌သည်။

.

ယင်းကဲ့သို့ သစ်ပင်ကြီးများ ခုတ်ထွင်ခံရမှု အပေါ် ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်၏ သဘောထားအား မေးမြန်းရာ " ရှိပြီးသား သစ်ပင်ကြီးတွေကိုတော့ ထိန်းသိမ်းထားစေချင်တယ်ပေါ့။ ဘာကြောင့်မှလည်း မဟုတ်၊ လမ်းချဲ့တာလည်း မဟုတ်ဘူးဆိုတော့ မခုတ်စေချင်ဘူးပေါ့။ သစ်ပင်တွေ နည်းလာတာနဲ့ အမျှ ရာသီဥတု ဖောက်ပြန်လာတာကိုလည်း လူတိုင်း သိနေတာပဲ။ ရေရှားပါးမှု ပြဿနာကိုလည်း ကြုံတွေ့လာရနိုင်တယ်ပေါ့။ တောင်ကြီးမြို့က မြေအောက် ရေကို သုံးနေရတဲ့ မြို့ ဖြစ်တဲ့ အတွက်ကြောင့်ပေါ့။" ဟု ပြောသည်။

.

တောင်ကြီးမြို့နှင့် အနီး ဝန်းကျင်တွင် သစ်တောများမှာ မရှိသလောက် နည်းပါး သွားပြီ ဖြစ်သည့်အတွက် တောင်ပေါ်မြို့ ဖြစ်သော်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကို ကြုံတွေ့ နေရကာ ရေရှားပါးမှုလည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။

Journal Download

Photo of three cats