ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူးကိုယ်စားလှယ်သစ်အဖြစ် စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်း ဟေးဇာကို အောက်တိုဘာ ၂၅ ရက်က ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း တာဝန်မှ ထွက်ခွာမည့် မစ္စ ခရစ္စတင်း ရှရန်နာ ဘာဂျီနာ၏ နေရာတွင် မစ္စ နိုလင်း ဟေးဇာ က ဆက်ခံသွားမည် ဖြစ်သည်။
.
မစ္စ နိုလင်း ဟေးဇာ သည် အသက် ၇၃ နှစ်အရွယ် ရှိပြီ ဖြစ်ကာ အာရှနှင့် ပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်တစ်ခု၏ အကြီးအကဲ အဖြစ် လည်းကောင်း၊ အရှေ့တီမောဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည့် အပြင် အခြားသော အကြီးတန်း ရာထူးနေရာများကိုလည်း ကုလသမဂ္ဂတွင် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။